လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်ုပ်တို့နိုင်ငံမှာ စစ်ဘေးကြီး ကျရောက်ခဲ့ပါတယ်... အဲဒီစစ်ဘေးကြီးနဲ့ အတူဂျပန်စစ်ဝါဒီတို့ရဲ့ ဖက်ဆစ်စနစ်ဆိုးကြီးဟာလိုက်ပါလာခဲ့တယ်...
ဂျပန်စစ်ဝါဒီတို့ဟာ သူတို့ရဲ့ စက်ယန္တရားကြီးကို ဆက်လက်လည်ပတ်နိုင်ရေးအတွက် `ယိုးဒယား-မြန်မာ မီးရထားလမ်းကြီး´ကိုဖောက်လုပ်ခဲ့ပါတယ်... အဲဒီလမ်းမကြီးဖောက်လုပ်ရေးအတွက်ကျွန်ုပ်တို့လူမျိုးတွေ ဟာ ထောင်နဲ့သောင်းနဲ့ချီပြီ ချွေးတပ်အဆွဲခံခဲ့ရတယ်...
ဖော်မပြနိုင်လောက်အောင်ကြမ်းကြုတ်ရက်စက်မှုနည်းအမျိုးမျိုးနဲ့ ကျွန်ပြုညှင်းဆဲစေခိုင်းခဲ့တဲ့အတွက် `ယိုးဒယား-မြန်မာ မီးရထားလမ်းကြီး´ ဖောက်လုပ်ရာမှာချွေးတပ်အလုပ်သမားပေါင်း သုံးသောင်းကနေ ရှစ်သောင်းလောက်က ငတ်ပြတ်ဆင်းရဲပြီး အသေဆိုးနဲ့သေဆုံးခဲ့ကြရတယ်...
အဲဒီထောင်သောင်းနဲ့ချီပြီးကျဆုံးခဲ့ရတဲ့သူတွေရဲ့ ကျိန်ဆဲသံ ညီးတွားရေရွတ်သံများကိန်းဝပ်ခဲ့ရာ မြေပြင်ကို အခု ကျွန်ုပ်တို့ ခြေချနေခဲ့ရပါပြီ... ၀မ်းနည်းစရာအဖြစ်ဆိုးကြောင့်လည်း ဒီမြေတခွင်ဟာ ညစ်ညမ်း ခဲ့ရပါတယ်... ကျွန်ုပ်တို့ဟာ စာနာတဲ့အသိတရား၊ စူးစမ်းသိရှိလိုတဲ့စိတ်ထား အပြည့်အ၀နဲ့ ရောက်လာ ကြခြင်းပဲ ဖြစ်ပါတယ်... မကြုံစဖူးဖြစ်ခဲ့ရတာမို့ ..စိတ်မချမ်းမြေ့ နာကျည်းမှုတွေကိုလည်း ကျွန်ုပ်တို့ အပြည့်အ၀ခံစားကြရပါတယ်...
ကျွန်ုပ်တို့နိုင်ငံရဲ့ လူသားတွေကို ဂျပန်ဖက်ဆစ်လူရိုင်းများဟာ အလွန်အမင်း တရားလက်လွတ် ပြုခဲ့တဲ့အတွက် ကျွန်ုပ်တို့ဟာ ဒေါသမီး တဟုန်းဟုန်း တောက်လောင်ခဲ့ရပါတယ်... ဒါပေမယ့် ဆိုးယုတ်သူတွေဟာ သူတို့ရဲ့မိုက်ပြစ်ကို ပြန်ခံသွားရပြီမို့ ကျွန်ုပ်တို့အနေနဲ့ ပြန်ဖြေသိမ့်စရာ ရှိပါတယ်...
ပြည်သူပြည်သားတွေဟာ ညီညာဖျဖျနိုးကြားတက်ကြွခဲ့ကြပါတယ်..ဖက်ဆစ်တွေကိုလက်စားချေ တော်လှန် တိုက်ခိုက်ခဲ့ကြတယ်... ဒီအချက်ဟာ (မိမိစိုက်ပျိုးသလောက်ရိတ်သိမ်းရခြင်း) ဆိုတဲ့ သဘောလည်း ဖြစ်ခဲ့တယ်... အမြဲတမ်းအခိုင်အမာတည်တံ့နေတဲ့ လောကဓံတရားသဘောလည်း ဖြစ်တယ်...
လူတစ်ဦးတစ်ယောက်ဟာ အခြားလူတစ်ဦးတစ်ယောက်ကို နှိပ်စက်ကလူပြုတယ် သွေးစုတ် ခြယ်လှယ်တယ်။ တရားမျှတမှုကိုမျက်ကွယ်ပြုတယ်ဆိုရင် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်ခု အပါ် ဖိနှိပ်ခြင်း၊ တရားမျှတမှု အ၀၀ကို ချိုးဖောက်ခြင်းပြုမယ်ဆိုရင် ထိုလူ(သို့မဟုတ်) ထိုနိုင်ငံဟာ ထိုမတရားမှုအတွက် အပြစ်ဒဏ်ခတ်မှုကို မုချမလွဲခံရစမြဲဖြစ်ပါတယ်...
ဒီလိုလူတစ်ဦးက တစ်ဦးအပေါ်မှာဖြစ်စေ၊ နိုင်ငံတစ်ခုက တစ်ခုပေါ်မှာဖြစ်စေဖိနှိပ်ခြယ်လှယ်မှုတွေ ခေါင်းပုံဖြတ်မှုတွေ ပြုလုပ်ခဲ့ကြလို့လည်း ဒီကမ္ဘာကြီးမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့တာအကြိမ်ကြိမ်ရှိခဲ့ပါပြီ... တရားမဲ့ခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ဆက်လက်တည်ရှိနေသရွေ့ တုံ့ပြန် လက်စားချေမှုဟာ ကမ္ဘာပေါ်မှာ မကြာခဏပေါ်ပေါက်နေဦးမှာပဲ... ဒီအချက်ဟာဆိုရင်ကမ္ဘာ့ရေးရာ အဖြစ်အပျက်များထဲက ပေါ်ပေါက်လာတဲ့ လောကပါလတရားလို့ ကျွန်ုပ်အနေနဲ့မှတ်သားခံယူပါတယ်...
ယနေ့ဆိုရင် ကျွန်ုပ်တို့ဟာ ကျေးကျွန်ပမာ အခိုင်းအစေခံရင်း သေဆုံးခဲ့ကြတဲ့ မဟာမိတ်တပ်သားများနဲ့ ကျွန်ုပ်တို့နိုင်ငံသားထောင်ပေါင်းများစွာတို့ကို အမှတ်ရတဲ့အနေနဲ့ ဒီနေရာကိုလာရောက်ခဲ့ကြပါတယ်... နောင်ကို ဒီလိုအဖြစ်မျိုး၊ ဒီလိုချွေးတပ်ဆွဲခံရတာမျိုး၊ ဒီကမ္ဘာကြီးမှာ မတွေ့ကြရစေဖို့ ကျွန်ုပ်တို့အားလုံး သဘောပေါက်ထားရပါ့မယ်...
လူကိုလူက ကျွန်ပြုမှု၊ ခေါင်းပုံဖြတ်မှုတို့ ဘယ်လိုပုံစံမျိုးနဲ့မှ ကမ္ဘာပေါ်မှာနောက်ထပ်ပေါ်မလာပါစေနဲ့လို့ ကျွန်ုပ်တို့အားလုံးဆန္ဒပြုကြဖို့လိုပါတယ်... ကျွန်ုပ်တို့ဟာ ကွယ်လွန်သူများရဲ့မြင့်မြတ်သော ၀ိဥာဉ်များနဲ့ တွေ့ဆုံခိုက် သူတို့အတွက် ဆုမွန်ကောင်းများ တောင်းရုံသာမဟုတ်ဘဲ ကမ္ဘာသူ ကမ္ဘာသားအားလုံး အနှောင်အဖွဲ့အချုပ်အခြယ်များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းသင့်ပါတယ်...
ဒီလိုဆုတောင်းရင်း တချိန်တည်းမှာပဲ လူလူချင်းဖိနှိပ်မှု၊ သွေးစုတ်ခြယ်လှယ်မှု၊ လူမဆန်မှုစတဲ့အဖြစ်မျိုးကို တည်မြဲစေမယ့် ဖက်ဆစ်စနစ်ဆိုးဟာ မည်သို့သော အသွင်မျိုးနဲ့ဘဲ ရှိသည်ဖြစ်စေ၊ ကမ္ဘာ့မြေပြင်ပေါ်က အမြစ်ပါမကျန် ပျောက်ပျက်သွားအောင် တော်လှန်တိုက်ဖျက်သွားကြဖို့ အလေးအနက် အဓိဋ္ဌာန် ပြုကြပါစို့....
![]() |
ဗိုလ်ချုပ်အောင်ဆန်း သံဖြူဇရပ် သို့ ရောက်ရှိလာခဲ့စဉ် |
How to Play Casino: Easy Guide to playing slots on
ReplyDeleteCasino games are played by https://tricktactoe.com/ 4 players, the ventureberg.com/ average time they take turns is around 14:20. The worrione house is divided septcasino into three distinct categories: the https://jancasino.com/review/merit-casino/ house