မိန်မလာတောင် ဆိုတာ မွန်ပြည်နယ် သံဖြူဇရပ် - ရေးကားလမ်း ရဲ့သံဖြူဇရပ် ကနေ
ရေးဘက် အထွက်ကားလမ်း ညာခြမ်းမှာ ရှိတယ်။
မိန်မလာတောင်နဲ့ပတ်သက်ပြီးေ တာ့ ဒဏ္ဍာရီဆန်ဆန်ပုံပြင်တွေခဏခဏ ကြားရတယ်။
ဂျပန်တွေ စစ်ရှုံးကာနီးတစ်နှစ်လောက်က တည်းက မိန်မလာတောင် အောက်ခြေထဲကို
ရတနာ အပြည့်တင်ဆောင်လာတဲ့ကုန်ကားတွေနဲ့ရတနာတွေဖွက်ခဲ့ တယ်လို့ပြောကြတယ်။
ကမ္ဘာကလည်းဂျပန်တွေ ရတနာဖွက်ခဲ့မယ်လို့သံသယရှိတ ယ်။ ဂျပန်ငွေလှိမ့်စက်တွေနဲ့
မြန်မာပြည်ကရတနာတွေကို ၀ယ်ယူခဲ့ပြီး စစ်ရှုံးမယ်သိရတဲ့အချိန်မှာ ဂျပန်ပြည်ကို
ပြန်ရောက်အောင်မသယ်နိုင်ဘူး လို့တွက်ဆပြီးမြုပ်ခဲ့ဖွက်ခဲ့တယ်လို့ယူဆသူလဲရှိတယ်။
ညဘက်ဆို ကလေးငိုသံ ဘာသံညာသံကြားတယ်လို့ဆိုသူကလဲမရှားဘူး။
ဘာဘဲပြောပြောစိတ်ဝင်စားစရာေ ကာင်းတာတော့တောင်ပေါ်တက်ကြည့်ရင်သိနိုင် လိမ့်မယ်ထင်တယ်။
ကုဋေပေါင်း တစ်ထောင်တန်တဲ့ မိန်မလာတောင်လို့ ဆိုကြတယ်။
သဖြူဇရပ်မြို့ခံတစ်ဦးက သူ့အဘိုးပြောပြခဲ့တယ်လို့ဆိုတဲ့ဇာတ်လမ်းကိုအခုလိုပြောပြတယ်။
ကလေးဘ၀ ဈေးရောင်းခဲ့ရတာကို ပြန်ပြောတာပါ။စစ်ပြီးဘို့တစ်နှစ်လောက်အလိုလောက်ကနေ
မိန်မလာတောင်ခြေအောက်ကို ကုန်အပြည့်ပါတဲ့ ကုန်ကားကြီးတွေ တစ်နေ့အစီးနှစ်ဆယ်လောက်
ဝင်တယ်။ ကုန်သေတ္တာအပြည့်ပါတယ်။
ချွေးတပ်သားတွေကသယ်မချပြီး တောင်အောက်ဂူ ထဲထမ်းသွင်းပေးရတယ်။ စစ်ပြီးဘို့ခြောက်လ
အလိုလောက်မှာ ချွေးတပ်သားအယောက်နှစ်ထောင် လောက်ဟာ နေ့ခင်းဘိလပ်မြေဖျော်တဲ့
အလုပ်တ စ်ခုဘဲ လုပ်ပေးရတယ်။ ဘယ်မှာသုံးတယ်ဆိုတာမသိဘူး။ ဖျော်တဲ့အလုပ်တစ်ခုတည်းကိုသာ
ခိုင်းတယ်လို့ဆိုတယ်။
ဂျပန်တွေ စစ်ဆုတ်မဲ့နေ့မှာ ဈေးသွားရောင်းတဲ့ကလေး
တွေကို ဂျပန်စစ်ဗိုလ်တစ်ဦးက မောင်းထုတ်ပြီး ရွာအတင်းပြန်ခိုင်းတယ်။ ဘယ်ကလေးတစ်ဦးမှ
ဈေးရောင်းခွင့်မရှိဘူးလို့ ပြောလဲပြော မောင်းလဲမောင်းတယ်။ ဒါနဲ့ရွာရှိရာ ပြန်တာ လမ်းတစ်ဝက်လောက်မှာ
ပေါက်ကွဲသံကြီးက မြေကြီးခါအောင် ပြင်းထန်သတဲ့။ ဒါနဲ့မိန်မလာတောင်ဘက် ပြေးကြည့်တော့
လူတစ်ဦးမှ မတွေ့ရတော့ဘူး။ ချွေးတပ်သားလဲမတွေ့ဘူးဂျပန်တွေကိုလည်းမတွေ့တော့ဘူး။
အထူးဆန်းဆုံးကတော့ မိန်မလာတောင်ပုံစံပြောင်းနေပြီး ဂူပေါက် ၀င်ပေါက်တွေ မရှိတော့ဘူးလို့ဆိုတယ်။
ကားဝင်လမ်းလုံးဝ ပျောက်သွားတယ်လို့ဆိုတယ်။
စဉ်းစားမိတာ က စစ်သုံ့ပန်းချွေးတပ်သားတွေ ဘယ်ရောက်သွားသလဲ။ဂျပန်တွေ ဘယ်ရောက်သွားသလဲ
ဆိုတာ ဂျပန်တွေဘဲသိလောက်မယ်ထင်တယ်။ မိန်မလာတောင်လဲ ပါးစပ်ရာဇ၀င်တွေ နဲ့ကျန်ခဲ့တယ်။
မိန်မလာတောင်ပေါ်တက်ကြည့်ရင် တော့စိတ်ဝင်စားစရာအတော်ကောင်းတဲ့ ဂူပေါက်တွေ တွေ့ရတယ်။
မိန်မလာတောင် ကို ဂျပန်တွေစစ်စခန်းဠာနချုပ်လုပ်ခဲ့တယ် လို့ထင်ရတဲ့အထောက်ထားတွေ
အများကြီးတော့ တွေ့ရတယ်။ လျိုလမ်းပြေးလမ်းတွေ တောင်အပြည့်ဖေါက်ခဲ့တယ်။
အချို့ပြေးလမ်းတွေ စတုရန်းဆန်ဆန် တွေ့ရတာလဲရှိတယ်။ ဖြစ်နိုင်တာက အင်္ဂလိပ်ဗုံးကြဲလေယဉ်တွေကို
ပစ်ဘို့လုပ်ခဲ့တာနဲ့တူတယ်။
သဘာဝမြေသား ကျောက်သားဂူပေါက်ဝ တွေ တွေ့သလို အတုလုပ်ထားတဲ့ ကွန်ကရစ်ဆန်ဆန်
ဂူပေါက်တွေလဲ တွေ့ရတယ်။ အချို့ဂူပေါက်တွေကို ကျောက်တောင်နံရံတွေ မှာ တွေ့ပြီး
အချို့ကိုတော့ ရေတွင်းသဏ္ဍန်ဂူပေါက်တွေလဲတွေ့ရတယ်။
ဒေသခံတွေ ရော်ဘာစိုက်လို့ပျက်သလောက်ပျက်သွားတဲ့ပြေးလမ်းတွေလဲတွေ့ရတယ်။ တောင်ပေါ်မှာ
တူးရင်းဆွရင်းရွှေစငွေစ ရသူလဲ ရှိကြတယ်။ ဂူပေါက်တွေ ကနေ ရတနာမုဆိုးတွေဝင်သွားတတ်ကြသလို
ပြန်ထွက်နိုင်သူလဲမရှိတော့ ၀င်ရဲသူမရှိဘူးလို့ဆိုတယ်။အခု ပြည်တွှုင်း ခရီးသွားကုမဏ္ဍီတချို့နဲ့
နိုင်ငံခြားကုမဏ္ဍီတွေက မိန်မလာတောင်ကို ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုအဖြစ်
စိတ်ဝင်စားလာကြတယ်။
သံဖြူဇရပ်မြို့ကတော့ သမိုင်း ၀င်သေမင်းတမန်ရထားလမ်း ၊
ပုံပြင်ဆန်လှတဲ့မိန်မလာတောင်နဲ့ ဧည့်သည်တွေကို ဆွဲဆောင်နိုင်နေပြီ
ဖြစ်တယ်။
.
.
.
.
.
No comments:
Post a Comment